ရေနွေးအိတ်၊ ရေခဲမုန့်တစ်ဘူး၊ နာကျင်မှုသက်သာစေသော OTC ဆေးဝါးများဖြင့် တစ်နေ့လုံး ခွေနေရပြီး ဆိုးရွားလှတဲ့ ရာသီလာစဉ်ဗိုက်အောင့်ခြင်းကို နောက်တစ်မိနစ်တောင် ထပ်မခံစားလိုတော့သော လတစ်လရဲ့ နေ့ရက်တွေကို ရောက်လာပြန်ပြီလား။ ရာသီလာစဉ်ဗိုက်အောင့်ခြင်းက လွယ်လွယ်ကူကူ သက်သာသွားလျှင် ကောင်းပါမည်။ ဒါမှမဟုတ် လွယ်လွယ်ကူကူ သက်သာကောင်း သက်သာနိုင်ပါသည်။
ရာသီလာစဉ်ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းနှင့် အခြားသော ရာသီလာချိန်လက္ခဏာများကြောင့် ရာသီလာသည့် အမျိုးသမီးတိုင်းနီးပါး၏ လစဉ်ရာသီစက်ဝန်းတွင် စိတ်မသက်မသာခံစားရစေသည်။ ကံကောင်းသည်မှာ အမျိုးသမီးများသည် ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် အထောက်အကူပြုသော သဘာဝဖျော်ရည်များကဲ့သို့ အစားအသောက်နည်းလမ်းဖြင့် ဤစိတ်မသက်မသာခံစားရမှုကို လျော့ပါးအောင်လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပါပြီ။ ဤအိမ်တွင်းနည်းလမ်းများတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများ၌ ရာသီလာစဉ် နာကျင်သောလက္ခဏာများကို သက်သာလျော့ပါးစေကြောင်း သိထားသည့် အရေးကြီး အာဟာရဓာတ်နှင့် ဗီတာမင်များ ပါဝင်လေ့ရှိသည်။
ဤဆောင်းပါးတွင် ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် ထိရောက်ကြောင်း စမ်းသပ်အတည်ပြုထားသော ချက်ချင်းလုပ်နိုင်သည့် အကောင်းဆုံးဖျော်ရည်အချို့ကို ဖော်ပြပေးထားပါသည်။
ရာသီလာစဉ် သောက်သင့်သည့် အကောင်းဆုံးဖျော်ရည်များ
မုန်လာဥနီနှင့် လိမ္မော်သီးဖျော်ရည်
ရာသီသွေးဆုံးရှုံးမှုသည် သွေးနီဆဲလ်အမြောက်အမြားကိုလည်း ဆုံးရှုံးသွားစေနိုင်ပြီး ခန္ဓာကိုယ်သည် ၎င်းတို့ကို အစားထိုးရန် လျင်မြန်စွာ အလုပ်မလုပ်နိုင်ပါ။ ယင်းကြောင့် သင့်ခန္ဓာကိုယ်ရှိ သံဓာတ်သည်လည်း သိသိသာသာ ကျဆင်းသွားနိုင်သည်။
- သင့်ခန္ဓာကိုယ်၏ သံဓာတ်စုပ်ယူနိုင်စွမ်းကို မြှင့်တင်နိုင်သည့် နည်းလမ်းကောင်းတစ်ခုမှာ ဗီတာမင် စီကြွယ်ဝသော အစားအစာများကို စားသုံးခြင်းဖြစ်ပြီး မုန်လာဥနီနှင့် လိမ္မော်သီး နှစ်မျိုးစလုံးသည် ဤအာဟာရဓာတ်ကို ကောင်းစွာပေးစွမ်းသည်။
- မုန်လာဥနီသည် သင့်ခန္ဓာကိုယ်အတွင်း ဗီတာမင် အေဓာတ်ကိုလည်း ရရှိစေပြီး ရာသီသွေးလွန်ကဲစွာဆင်းခြင်းမဖြစ်အောင် ထိန်းညှိကာကွယ်၍ ထိန်းချုပ်ပေးနိုင်သည်။
- လိမ္မော်သီးတွင် မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့ပါဝင်ပြီး ယင်းဓာတ်များသည် ရာသီလာစဉ် အပြင်းအထန်ဗိုက်အောင့်ခြင်းကို လျော့ပါးသက်သာစေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်သည်။

မုန်လာဥနီနှင့် လိမ္မော်သီးဖျော်ရည် ပြုလုပ်နည်း
- မုန်လာဥနီနှင့် လိမ္မော်သီး အလိုရှိသလောက်ပမာဏကို ရေ၊ သံပရာရည်နည်းနည်းနှင့်အတူ ဖျော်စက်ထဲသို့ထည့်ပါ။
- လုံးဝညက်သွားသည့် အရည်အနေအထားဖြစ်သည်အထိ ကြိတ်မွှေပါ။ အရသာအတွက် ပျားရည်အနည်းငယ်ထည့်နိုင်သည် သို့မဟုတ် ရာသီလာစဉ်နာကျင်မှု သက်သာစေသည့် ဖျော်ရည်ကို ဤအတိုင်းပင် သောက်သုံးနိုင်သည်။
- နှစ်မျိုးကို မရောစပ်လိုပါက တစ်မျိုးချင်းစီကို ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ ယင်းတို့သည် လန်းဆန်းစေပြီး ကျန်းမာရေးနှင့်ညီညွတ်သည်။

သင်္ဘောသီးဖျော်ရည်
ရာသီလာစဉ်ဗိုက်အောင့်ခြင်းကို သက်သာလျော့ပါးစေရန် ချိုမြသော သင်္ဘောသီးကို အရသာရှိသော ဖျော်ရည်အဖြစ် ပြောင်းလဲပါ။
- သင်္ဘောသီးတွင် လေပွခြင်းကို လျှော့ချပေးနိုင်သည့် ရောင်ရမ်းမှုသက်သာစေသောစွမ်းရည်များအပြ သဘာဝနာကျင်ကိုက်ခဲမှုပျောက်ဆေးအဖြစ် လုပ်ဆောင်သည့် အကိုက်အခဲပျောက်စေသောဓာတ်များလည်း ပါဝင်သည်။
- ၎င်းသည် သားအိမ်ကြွက်သားများဆီသို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးခြင်းဖြင့် ကြွက်သားများကို ပိုမိုကောင်းစွာ အလုပ်လုပ်စေရန် အထောက်အကူပြုသောကြောင့် ရာသီလာစဉ် အသောက်သင့်ဆုံး ဖျော်ရည်များထဲမှ တစ်မျိုးတွင် ပါဝင်သည်။
- ထို့အပြင် ၎င်းတွင် သင့်ဟော်မုန်းကို ထိန်းညှိပေးသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သော ကာရိုတင်းပါဝင်ပြီး ရာသီလာခြင်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးသည်။
သင်္ဘောသီးဖျော်ရည်ပြုလုပ်နည်း
- သင်္ဘောသီးတစ်လုံးကို အတုံးများဖြစ်အောင်လှီးပြီး သံပရာရည်၊ ရေတို့နှင့်ရော၍ ဖျော်စက်ထဲသို့ ထည့်ပါ။
- အရသာအတွက် ပျားရည်နည်းနည်းထည့်ပါ (သို့သော် အလွန်အကျွံမထည့်မိကြောင်း သေချာပါစေ။)
- အပေါ်တွင် ရေခဲတုံးများထည့်၍ သို့မဟုတ် ရေခဲသေတ္တာထဲတွင် အချိန်အတန်ကြာထည့်၍ အေးအေးလေး သောက်ပါ။

နာနတ်သီးဖျော်ရည်
ရာသီလာချိန်အတွင်း နာနတ်သီကို လတ်လတ်ဆတ်ဆတ်လှီး၍ ဝါးစားရသည်ကို ကြိုက်ပါသလား။ ဒါဆိုရင် ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် အန်တီအောက်ဆီဒင့်ကြွယ်ဝသော ဤဖျော်ရည်ကို သင်နှစ်သက်ပါလိမ့်မည်။
- အရသာရှိသည့်အပြင် နာနတ်သီးတွင် သားအိမ်ကြွက်သားများကို ပြေလျော့စေပြီး ရာသီလာစဉ် အလွန်အမင်း ဗိုက်အောင့်ခြင်းကို သက်သာစေသည်ဟု သိထားသည့် ဗီတာမင် ဘီ၊ စီနှင့် မဂ္ဂနီစီယမ်ကဲ့သို့သော အရေးကြီးသည့် အာဟာရဓာတ်များလည်း ပါဝင်သည်။
- ထို့အပြင် ဤအပူပိုင်းဒေသသစ်သီးတွင်ပါသော အန်တီအောက်ဆီဒင့်ဂုဏ်သတ္တိများသည် ရာသီလာစဉ် ရောင်ရမ်းမှုကို လျှော့ချရာတွင် အထောက်အကူပြုသည်။
နာနတ်သီးဖျော်ရည်ပြုလုပ်နည်း
- နာနတ်သီးအမှည့်ကို အတုံးလေးများလှီး၍ ဖျော်စက်ထဲသို့ ထည့်ပါ။
- အရသာပိုမိုကောင်းမွန်စေရန် ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြားအနည်းငယ်နှင့် လတ်ဆတ်သောဂျင်းကို ထည့်ပါ၊ ဤပါဝင်ပစ္စည်းများကို မထည့်ချင်လျှင်လည်း ရသည်။
- ရေထည့်ပြီး ခပ်ပျစ်ပျစ်ဖျော်ရည်အနေအထားရသည်အထိ ကြိတ်ပေးပါ။
- ကျန်နေသောကြိတ်ဖတ်မှ ပိုနေသောအရည်များကုန်သည်အထိ ဇကာဖြင့် စစ်ထုတ်ရန် မမေ့ပါနှင့်။

သကြားမုန်လာဖျော်ရည်
ရှင်းရှင်းပြောရလျှင် သကြားမုန်လာသည် ကျန်းမာရေးအတွက် အကျိုးပြုသော အစားအစာဖြစ်သည်။ ထို့ကြောင့် ဤဟင်းသီးဟင်းရွက်ဖြင့် ပြုလုပ်ထားသော ဖျော်ရည်သည် ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် သောက်သင့်သည့် ဖျော်ရည်များထဲမှ တစ်မျိုးဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။
- သကြားမုန်လာတွင် နိုက်ထရိတ်ကဲ့သို့သော မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ အပြည့်အဝပါရှိပြီး သွေးလွှတ်ကြောများကို ပြေလျော့စေကာ သားအိမ်အတွင်း သွေးစီးဆင်းမှုကို လွယ်ကူစေသဖြင့် ရာသီလာစဉ်နာကျင်မှုကို သက်သာစေသည်။
- ရာသီလာနေစဉ် ပင်ပန်းနွမ်းနယ်နေပါသလား။ ဤအရောင်အသွေးတောက်ပသော ဟင်းသီးဟင်းရွက်က သင့်ပုံမှန်စွမ်းအင်ပမာဏအတိုင်း ပြန်လည်ရရှိစေနိုင်သည်။
- ထို့ပြင် မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်ကြွယ်ဝသောကြောင့် မသက်မသာခံစားရမှုနှင့် နာကျင်မှုကို လျော့နည်းစေသည်။
သကြားမုန်လာဖျော်ရည် ပြုလုပ်နည်း
- သကြားမုန်လာဖျော်ရည်ကို ဒီအတိုင်း မသောက်ချင်ဘူးလား။ စိတ်မပူပါနှင့်။ ဤနည်းလမ်းတွင် သကြားမုန်လာဖျော်ရည်၌ မုန်လာဥနီနှင့် လိမ္မော်သီးတို့၏ အကျိုးကျေးဇူးများနှင့် အရသာကို ထပ်ပေါင်းထည့်ပေးထားပါသည်။
- ဤပါဝင်ပစ္စည်းသုံးမျိုးကို ဖျော်စက်ထဲသို့ ရောထည့်လိုက်ပါ။ မထည့်ခင် သကြားမုန်လာနှင့် မုန်လာဥနီတို့ကို အခွံနွှာရန် မမေ့ပါနှင့်။
- သံပရာရည်နှင့် သကြား သို့မဟုတ် ပျားရည်အနည်းငယ်ထည့်ပြီး ရောဖျော်လိုက်ပါ။
- ပိုနေသောကြိတ်ဖတ်ကို စစ်ထုတ်လိုက်လျှင် လန်းဆန်းစေသော သကြားမုန်လာ၊ မုန်လာဥနီနှင့် လိမ္မော်သီးတို့ကို ပေါင်းစပ်ထားသည့် ဖျော်ရည်တစ်ခွက် ရရှိပါမည်။

ပန်းသီးနှင့် တရုတ်နံနံဖျော်ရည်
ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် အာဟာရအပြည့်ဝဆုံး ဖျော်ရည်များထဲမှ တစ်မျိုးဖြစ်ပြီး အနံ့ပြင်း၍ ချိုမြလန်းဆန်းစေသော ဖျော်ရည်တစ်ခွက်ကို သောက်လိုပါသလား။ ပန်းသီးနှင့် တရုတ်နံနံဖျော်ရည်ဖြင့် သင့်တောင့်တမှုကို ဖြည့်ဆည်းလိုက်ပါ။
- ပန်းသီးများသည် ၎င်း၏ သဘာဝသကြားနှင့် ဗီတာမင်များကြောင့် သင့်စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်ပြီး စွမ်းအင်တိုးစေနိုင်သဖြင့် ရာသီလာစဉ်ဗိုက်အောင့်ခြင်း ခံစားရသည့် ပင်ပန်းသောနေ့ရက်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
- ကျွန်ုပ်တို့ယခုသိရှိပြီးဖြစ်သည့်အတိုင်း ၎င်းတို့တွင် ရာသီလာစဉ်ဗိုက်အောင့်ခြင်းကို သက်သာစေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်သည့် ပိုတက်စီယမ်လည်း ပါဝင်သည်။
- ပန်းသီးတစ်မျိုးတည်းဆိုလျှင် ကျန်းမာရေးကောင်းစေသော ရွေးချယ်မှုဖြစ်သော်လည်း တရုတ်နံနံကဲ့သို့ အစိမ်းရောင်ပါဝင်ပစ္စည်းကို ထည့်လိုက်ခြင်းက ရာသီလာချိန်အတွင်း ဆေးစွမ်းကောင်းတစ်လက် ဖြစ်စေနိုင်သည်။
- တရုတ်နံနံတွင် ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေနှင့် ဘီတို့ ပါဝင်ပြီး ရာသီလာစဉ်ဗိုက်အောင့်ခြင်းကို သက်သာစေနိုင်သော ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့လည်း ပါဝင်သည်။
ပန်းသီးနှင့် တရုတ်နံနံဖျော်ရည် ပြုလုပ်နည်း
- တရုတ်နံနံနှင့် ပန်းသီးစိတ်များကို ဖျော်စက်ထဲထည့်၍ ကောင်းစွာမွှေပေးပါ။
- ဤရောထားသည့်ကြိတ်ဖတ်ကို ထုတ်ယူ၍ အရည်စစ်ထုတ်ပါ။
- ဤဖျော်ရည်ထဲသို့ သံပရာရည်အနည်းငယ်ကို ညှစ်ထည့်ပြီး သကြား သို့မဟုတ် ပျားရည်အနည်းငယ် ထည့်ပါ။
- ပါဝင်ပစ္စည်းအားလုံး ပေါင်းစပ်သွားသည်အထိ ကောင်းစွာရောမွှေ၍ ပူစီနံအရွက်များဖြင့် အလှဆင်ကာ သောက်သုံးနိုင်ပါပြီ။

နိဂုံးချုပ်
နည်းလမ်းကတော့ အလွယ်လေးပါပဲ။ သင့်မီးဖိုချောင် သို့မဟုတ် အစားအသောက်သိမ်းခန်းတွင် တွေ့ရှိနိုင်သည့် ပါဝင်ပစ္စည်းများဖြင့် ရာသီလာစဉ်ဗိုက်အောင့်ခြင်းကို သက်သာစေရန် ဤအရသာရှိသည့် ဖျော်ရည်ငါးမျိုးကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် ဖျော်ရည်များပြုလုပ်ရန်အတွက် အလွန်အားစိုက်ထုတ်စရာ မလိုသောကြောင့် ရာသီလာစဉ် မီးဖိုချောင်၌ နာရီပေါင်းများစွာ အချိန်ကုန်မည်ကို မစိုးရိမ်ပါနှင့်။ လှီးဖြတ်၊ ရောစပ်၊ စစ်ထုတ်လိုက်ရုံဖြင့် သဘာဝပါဝင်ပစ္စည်းများ၏ ကောင်းကျိုးအားလုံးကို ချက်ချင်းခံစားရပါမည်။
ထို့ကြောင့် ရာသီလာစဉ်ဗိုက်အောင့်ခြင်းအတွက် အကောင်းဆုံးဖျော်ရည်ဖြင့် မိမိကိုယ်မိမိ ကုသပါ။ သင့်ခန္ဓာကိုယ်ကို ရသင့်ရထိုက်သည့် ကောင်းမွန်သည့်အရာများဖြင့် အာဟာရပေးနေကြောင်း သိထားကာ အားအင်သစ်ပြန်လည်ပြည့်ဝစေသော ဖျော်ရည်များကို သောက်ကြည့်ပါ။ မသက်မသာဖြစ်သည့်ခံစားချက်ကို ကျောခိုင်းနှုတ်ဆက်ပြီး လန်းဆန်းသော အရသာနှင့် နာကျင်မှုသက်သာသည့် ခံစားချက်ကို ကြိုဆိုလိုက်ပါ။
Meet our expert

GHBY Team
GHBY TeamMeet our expert
GHBY Team comprises content writers and content editors who specialise in health and lifestyle writing. Always on the lookout for new trends in the health and lifestyle space, Team GHBY follows an audience-first approach. This ensures they bring the latest in the health space to your fingertips, so you can stay ahead in your wellness game.

How was the experience with article?
We'd love to know!