ငှက်ပျောသီးသည် တစ်နှစ်ပတ်လုံးရရှိနိုင်ပြီး လူကြိုက်များကာ ဈေးသက်သာသော သစ်သီးများဖြစ်သည်။ လူကြီးများသာမက ကလေးများသည်လည်း ငှက်ပျောသီးကို ကြိုက်နှစ်သက်ကြပါသည်။ ငှက်ပျောပင်၏ အမြစ်မှစ၍ ပင်စည်၊ အရွက်၊ အသီး၊ အပွင့်အထိ အစိတ်အပိုင်းအားလုံးကို အာရှ၊ အိန္ဒိယနှင့် အာဖရိက၌ ဒေသတွင်း ရိုးရာဆေးဝါးများအဖြစ် အဓိက အသုံးပြုကြပါသည်။
ငှက်ပျောသီးတွင် အမျှင်ဓာတ်၊ ပရို ဗီတာမင် အေ ကယ်ရိုတီနွိုက်ကဲ့သို့ ဗီတာမင်များ၊ အန်တီအောက်ဆီဒင့်နှင့် ပိုတက်စီယမ်ကဲ့သို့ သတ္တုဓာတ်များအပြင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓာတ်များသည် အစာခြေစနစ်ကို အထောက်အကူဖြစ်စေသည်။ ပိုတက်စီယမ်ဓာတ်သည် အဆုတ်၏ လုပ်ဆောင်မှုကို မြှင့်တင်ပေးပါသည်။ ငှက်ပျောသီးသည် အခြားအာဟာရဓာတ်များကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါသည်။ ငှက်ပျောသီးတွင် ပါဝင်သော ရေတွင်ပျော်ဝင်နိုင်သည့် ဖီနော်လစ် အက်စစ်များသည် ပန်းနာရင်ကျပ်ကြောင့်ဖြစ်သည့် ရောင်ရမ်းမှုကို လျော့နည်းစေနိုင်ပါသည်။
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်း၊ ဝမ်းကိုက်ခြင်းနှင့် ဓာတ်မတည့်မှုကြောင့် ယားယံခြင်းများကို ကုသရန် ငှက်ပျောပင်၏ အစိတ်အပိုင်းများကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပါသည်။ ငှက်ပျောပင်များတွင် ဓာတ်တိုးဆန့်ကျင်မှု၊ ဆီးချိုကျစေခြင်း၊ ကင်ဆာဆဲလ်များအား ဟန့်တားပေးနိုင်ခြင်း၊ ဘက်တီးရီးယားပိုးမွှားသေစေနိုင်ခြင်းနှင့် ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးနိုင်ခြင်း အပါအဝင် ဆေးဝါးဗေဒဆိုင်ရာ အကျိုးအာနိသင်များရှိပါသည်။
ငှက်ပျောသီးစားခြင်းက ကောင်းကျိုးများစွာရရှိနိုင်သော်လည်း အထူးသဖြင့် ချောင်းဆိုးအအေးမိနေချိန်တွင် စားသင့်၊ မစားသင့်နှင့်ပတ်သက်၍ အဖြေအတိအကျမပေးနိုင်သေးသည့် အငြင်းပွားဖွယ်မေးခွန်းအချို့ ရှိနေပါသည်။ ငှက်ပျောသီးစားရင် ချောင်းဆိုးနိုင်လား။ ငှက်ပျောသီးစားရင် ချောင်းပိုဆိုးစေသလား။ ငှက်ပျောသီးစားခြင်းနဲ့ ချောင်းဆိုး၊ အအေးမိခြင်းက ဆက်စပ်နေသလား။
သင့်အနေနှင့် ဒီလိုမေးခွန်းများကို ကြားဖူးပါလိမ့်မည်။ ဤအငြင်းပွားမှုကို အဆုံးသတ်ပြီး မှန်ကန်သောအဖြေကို ရရှိရန် သိပ္ပံနည်းကျ အခြေခံအကြောင်းရင်းအား သေချာစွာ လေ့လာရန် လိုအပ်ပါသည်။
သိပ္ပံနည်းကျ သက်သေပြချက်က ဘာတွေဖော်ပြနေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
ငှက်ပျောသီးစားရင် ချောင်းဆိုးနိုင်လား။

အလွန်အေးသော၊ အချဉ်ဓာတ်များသော သို့မဟုတ် အစပ်ကဲသော အစားအစာများသည် လည်ချောင်းကို ယားယံစေပြီး ချောင်းဆိုးစေနိုင်ပါသည်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းကြောင့်လည်း ချောင်းဆိုးစေနိုင်ပါသည်။ ငှက်ပျောသီးကဲ့သို့ အစားအစာကို မျိုချလိုက်ခြင်းမှ ဖြစ်လာသည့် ယားယံဓာတ်မတည့်မှုကြောင့်လည်း ချောင်းဆိုးစေနိုင်ပါသည်။
ငှက်ပျောသီးသည် ဓာတ်မတည့်မှုအနည်းဆုံး အစားအစာဖြစ်သည်။ ယေဘုယျလူဦးရေ၏ 0.04% မှ 1.2% ခန့်တွင်သာ ငှက်ပျောသီးနှင့်ဓာတ်မတည့်ကြောင်း တွေ့ရှိရသည်။ သို့သော် ပန်းနာရင်ကျပ်ရောဂါရှိသူ 67% နှင့် နှင်းခူရောဂါရှိသူ 46% တွင် ငှက်ပျောသီးနှင့်ဓာတ်မတည့်ကြောင်း အသီးသီး တွေ့ရှိရသည်။
ငှက်ပျောသီးသည် သစ်သီးတွင်ပါဝင်သည့် ပန်းဝတ်မှုန်နှင့် ဓာတ်မတည့်မှု၊ သစ်သီးတွင်ပါဝင်သည့် လက်တက်စ်နှင့် ဓာတ်မတည့်မှု၊ အသက်အန္တရာယ်ရှိသော ပြင်းထန်ဓာတ်မတည့်မှုကဲ့သို့သော ဓာတ်မတည့်မှုများနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။
ချောင်းဆိုးသည့် လက္ခဏာပြသော ဓာတ်မတည့်မှု အမျိုးအစားများကို လေ့လာကြည့်ကြပါစို့။
- သစ်သီးတွင်ပါဝင်သည့် လက်တက်စ်နှင့် ဓာတ်မတည့်မှု
သင်သည် ကြက်ပေါင်စေးနှင့်ဓာတ်မတည့်ပါက သစ်သီးတွင်ပါဝင်သည့် လက်တက်စ်နှင့် ဓာတ်မတည့်မှုလည်း ရှိနိုင်သည်။ ကြက်ပေါင်စေးနှင့်ဓာတ်မတည့်သူ 40% နီးပါးသည် သစ်သီးတွင်ပါဝင်သည့် ကြက်ပေါင်စေးနှင့်ဓာတ်မတည့်မှုရှိကြောင်း သိရှိရသည်။ ၎င်းသည် ငှက်ပျောသီးစားပြီးနောက် ချောင်းဆိုးခြင်းအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။
- အသက်အန္တရာယ်ရှိသော ပြင်းထန်ဓာတ်မတည့်မှု
ငှက်ပျောသီးစားပြီးနောက် လျှာရောင်ရမ်းခြင်း၊ ချွဲပိတ်၍အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းစသည့် လက္ခဏာများ ပြတတ်ပြီး ချက်ချင်းကုသမှုမခံယူပါက အသက်အန္တရာယ်ရှိသည့် ပြင်းထန်သော အခြေအနေများအထိ ဖြစ်ပေါ်စေနိုင်ပါသည်။
လေ့လာမှုအရ ပန်းနာရင်ကျပ်၊ နှာခေါင်းအမြှေးပါးရောင်ခြင်း သို့မဟုတ် နှစ်မျိုးလုံး ခံစားနေရသော ဆယ်ကျော်သက်များနှင့် လူကြီးများ၏ 4.5% ခန့်သည် အစားအစာနှင့်ဓာတ်မတည့်မှုများ ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။ ငှက်ပျောသီးသည် ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင် လက္ခဏာများကို ဖြစ်စေနိုင်သည့် အဓိက ဓာတ်မတည့်ပစ္စည်းများ (ဓာတ်မတည့်မှုဖြစ်စေသည့်အရာများ) ထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ပန်းနာရင်ကျပ် သို့မဟုတ် ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်း ခံစားနေရသူများတွင် ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်း ဖြစ်နိုင်သည်။
ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်း ခံစားနေရသူများတွင် စင်စစ်အားဖြင့် ငှက်ပျောသီးနှင့် ဓာတ်မတည့်ခြင်း မရှိသော်လည်း ဆိုးရွားသောတုံ့ပြန်မှုများ သို့မဟုတ် ရောဂါလက္ခဏာပိုဆိုးလာခြင်း မဖြစ်စေရန် ငှက်ပျောသီးစားခြင်းမှ ရှောင်ကြဉ်လေ့ရှိပါသည်။
ဒါဆို သင့်မှာ ငှက်ပျောသီးနှင့် ဓာတ်တည့်မှုရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။ သင့်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးသူဆီသို့ သွားရောက်၍ အရေပြားအပ်ဖောက်စမ်းသပ်မှု ပြုလုပ်နိုင်ပါသည်။ ၎င်းသည် ဓာတ်မတည့်မှုရှိ၊ မရှိ ရှာဖွေဖော်ထုတ်ရန် အသုံးအများဆုံး စမ်းသပ်မှုဖြစ်သည်။
ထို့အပြင် ငှက်ပျောသီးမှည့်စေရန် အသုံးပြုထားသည့် ဓာတုပစ္စည်းများနှင့် အလွန်အကျွံထိတွေ့မိပါက အချို့သူများတွင် ချောင်းဆိုးလာနိုင်ပါသည်။
ငှက်ပျောသီးစားခြင်းနဲ့ ချောင်းဆိုး၊ အအေးမိခြင်းက ဘာလို့ဆက်စပ်နေရသလဲ။
လေ့လာမှုအရ ငှက်ပျောသီးကို တစ်ရက်တစ်လုံး ပုံမှန်စားခြင်းသည် ချွဲပိတ်၍အသက်ရှူရခက်ခြင်း ပိုမိုဖြစ်စေနိုင်သော်လည်း ပန်းနာရင်ကျပ်နှင့် ဆက်စပ်မှုမရှိကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသက်အန္တရာယ်ရှိသော ပြင်းထန်ဓာတ်မတည့်မှု (FDEIA) ရှိသူများတွင် ငှက်ပျောသီးစားမိပါက အအေးမိချောင်းဆိုးခြင်းနှင့်ဆင်တူသော လက္ခဏာများကို ပြသနိုင်သည်။ FDEIA ဆိုသည်မှာ အစာစားပြီး နာရီအနည်းငယ်အတွင်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်မှသာ ဖြစ်ပေါ်လာတတ်သည့် ရှားပါးသော ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှုတစ်မျိုးဖြစ်သည်။
အဆိုပါလက္ခဏာရှိသူသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ငှက်ပျောသီး နှစ်လုံးစားမိပါက နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်း စသည့် လက္ခဏာများကို ချက်ချင်းပြသနိုင်သည်။
အအေးမိနေချိန် ငှက်ပျောသီးစားလို့ရပါသလား။

ငှက်ပျောသီးသည် ဟစ်တမင်းဓာတ် ကြွယ်ဝစွာပါဝင်သော အသီးဖြစ်ပါသည်။ ဟစ်တမင်းဓာတ်များသည့် အစားအစာကို စားသုံးမိပါက နှာပိတ်ခြင်းနှင့် ပန်းနာရင်ကျပ်ကြောင့် ချွဲပိတ်၍အသက်ရှူရခက်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အစားအစာများမှ ပါဝင်သော ဟစ်တမင်းဓာတ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါသည်။ သို့သော် အအေးမိနေချိန်တွင် ငှက်ပျောသီးကဲ့သို့ ဟစ်တမင်းဓာတ်များသည့် အစားအစာများကို ရောဂါမသက်သာမချင်း ရှောင်ကြဉ်သင့်ပါသည်။
ငှက်ပျောသီးစားခြင်းသည် ဟစ်တမင်းဓာတ်ကို ထုတ်လွှတ်စေနိုင်ပြီး ချွဲထုတ်လုပ်မှုကို တိုးစေနိုင်ပါသည်။ ငှက်ပျောသီးတွင် ပါဝင်သော လက်တင် ပရိုတင်းသည် ဟစ်တမင်းထုတ်လုပ်သည့် ဆဲလ်များကို လှုံ့ဆော်ပေးပြီး ငှက်ပျောသီးနှင့် ဓာတ်မတည့်သူများတွင် လက္ခဏာများ ပြလာနိုင်သည်။
လည်ချောင်းနာနေရင် ငှက်ပျောသီးစားသင့်လား။
ငှက်ပျောသီးစားခြင်းက လည်ချောင်းနာခြင်းကို သက်သာစေသလား။ ငှက်ပျောသီးတွင် ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6 နှင့် လည်ချောင်းနာခြင်းကို သက်သာစေသော အခြားအာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။ ထို့ကြောင့် လည်ချောင်းနာ သက်သာစေရန် ငှက်ပျောသီးစား၍ ရပါသည်။
လည်ချောင်းနာနေချိန် ငှက်ပျောသီးစားလို့ရပါသလား။
သေချာပေါက် ရပါသည်။ လည်ချောင်းနာကျင်မှုကို ပျောက်ကင်းစေရုံသာမက ပျော့ပျောင်းမှုရှိသည့်အတွက် မျိုချရလွယ်ကူစေသော အစားအစာဖြစ်ပါသည်။ ထိုကဲ့သို့ ပျော့ပျောင်းသည့် အစားအစာများသည် လည်ချောင်းနာသူများအတွက် သက်သောင့်သက်သာဖြစ်စေပါသည်။
ငှက်ပျောသီးစားပြီး ချောင်းဆိုးနိုင်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
- ပန်းနာရင်ကျပ် သို့မဟုတ် ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်းကဲ့သို့ နဂိုရောဂါအခံရှိခြင်း
- ငှက်ပျောသီးနှင့်ဆက်စပ်သော ဓာတ်မတည့်မှုများ
- ငှက်ပျောသီးမှည့်စေရန် အသုံးပြုထားသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
ချောင်းဆိုးနေချိန် ငှက်ပျောသီး စားလို့ရသလား။
ငှက်ပျောသီးစားခြင်းက ချောင်းပိုဆိုးစေသလား။ ချောင်းဆိုးမှုတိုင်းအတွက် မဟုတ်ပါ။
အချို့သောအခြေအနေများတွင် ချောင်းဆိုးနေစဉ် ငှက်ပျောသီးစားခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါသည်။ ဘယ်လိုလဲဆိုတာ လေ့လာကြည့်ကြရအောင်။
စားချဉ့်ပြန်ရောဂါကြောင့် ချောင်းဆိုးတတ်လျှင် ငှက်ပျောသီးက အထောက်အကူဖြစ်နိုင်ပါသည်။ ငှက်ပျောသီးသည် ပက်တင်ဓာတ်ကြွယ်ဝပြီး အယ်လ်ကာလိုင်းဓာတ်ပါဝင်သော အသီးတစ်မျိုးဖြစ်ပါသည်။ ငှက်ပျောသီးတွင် ပါဝင်သော ပက်တင်ဓာတ်သည် အစာအိမ်တွင်း၌ အစားအစာများကို ကြာရှည်ရှိမနေစေဘဲ အက်ဆစ်ထုတ်လုပ်မှုကို ထိန်းညှိပေးပါသည်။ ထိုအချက်ကြောင့် စားချဉ့်ပြန်ရောဂါနှင့် ၎င်းနှင့်ဆက်စပ်သော ချောင်းဆိုးခြင်းကဲ့သို့ လက္ခဏာများ ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။
ချောင်းခြောက်ဆိုးနေပါက ငှက်ပျောသီးစားခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ နေ့စဉ် ငှက်ပျောသီးတစ်လုံးကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ရောထည့်၍ စားပေးခြင်းဖြင့် ချောင်းခြောက်ဆိုးခြင်းကို ထိရောက်စွာ သက်သာစေနိုင်ပါသည်။

နိဂုံးချုပ်
ဒါဆို ငှက်ပျောသီးစားရင် ချောင်းဆိုးနိုင်လား။ ငှက်ပျောသီးနှင့်ဓာတ်မတည့်သူဖြစ်စေ၊ ဓာတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ကဲ့သို့ နဂိုရောဂါအခံရှိသူများဖြစ်စေ လူအချို့တွင် ငှက်ပျောသီးစားခြင်းကြောင့် ချောင်းဆိုးနိုင်ပါသည်။
လည်ချောင်းနာပြီး အအေးမိသည့် အခြားလက္ခဏာများ ရှိနေပါက ငှက်ပျောသီးသည် မျိုချရလွယ်ကူ၍ လည်ချောင်းနာခြင်းကို ကုသရာတွင် အထောက်အကူဖြစ်သည့် ဈေးသက်သာသော အစားအစာတစ်မျိုး ဖြစ်နိုင်သည်။
လေ့လာမှုအရ ငှက်ပျောသီးစားခြင်းသည် သွေးဖြူဆဲလ်များတိုးစေပြီး ခုခံအားစနစ်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးကာ ရောဂါပိုးမွှားများကို ခုခံတိုက်ထုတ်နိုင်စွမ်း အားကောင်းလာစေနိုင်သည်ဟု တွေ့ရှိရသည်။
ထို့ကြောင့် ငှက်ပျောသီးစားခြင်းသည် အချို့သူများကို ချောင်းဆိုးစေနိုင်သော်လည်း ဓာတ်မတည့်မှုမရှိသည့် ပုံမှန်ကျန်းမာနေသူများအတွက် အအေးမိချောင်းဆိုးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သည့် သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။
Meet our expert

Meet our expert
Dr. Burtseva Tamara Viktorivna is a pediatrician by profession based out of Ukraine. In 2004, Dr. Viktorivna graduated from Ukraine's Donetsk Medical University where she specialised in pediatric studies. She then gathered extensive experience on ground until 2011 at city polyclinic No. 1 in Donetsk, where she worked as a pediatrician handling a variety of cases.



How was the experience with article?
We'd love to know!